25.6 C
Yangon

စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ် ဝင်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တပ်မ ၃၃ ဌာနချုပ်ဝင်းအတွင်းသို့ တော် လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ် ဝင်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုအခြေအနေကို လက်ရှိအချိန်အထိ သီးခြားအတည်မပြုနိုင်သေးသော်လည်း စစ်သား ၁၀ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်တွင်းရှိ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့စာရင်းကို ကျနော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် တပ်မ (၃၃) ထဲမှာ စစ်သားတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းထားပြီး အဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ စစ်သား ၁၀ ယောက်တော့ အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လက်ရှိအချိန်အထိ တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်စုံစမ်းမေးမြန်းလျက်ရှိကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်သတင်းရင်းမြစ်ကလည်း စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲကြောင်း အတည်ပြု ပြောဆိုသည်။

ဓာတ်ပုံ- ပုံအဟောင်းကို အသုံးပြုထားပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article