25.6 C
Yangon

ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန်အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူ ၆ ချက်ကို ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထား

Must read

ရန်ကုန်၊ ဇွန် ၂၉

ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေ သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံ စည်းမျဉ်းများအဖြစ် သတ်မှတ်ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထားဆဲဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့ ပြုလုပ်သော ဇွန်လ ၂၅ ရက်နေ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော် မတီအစည်းအဝေးတွင် ငြိမ်းချမ်းရေးအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်မှ မထားဘဲ ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ယခင်ကတည်းက ချမှတ်ထားသော စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ဆက်လက် ဆုပ်ကိုင်ထားရန်နှင့် ဆက်လက်ဆုပ်ကိုင်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“အခု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တပ်မတော် မူဝါဒ ၆ ချက်ဆိုတာရှိတယ်။ အရင်ကတည်း ရှိနေတဲ့ မူဝါဒဖြစ်ပါတယ်။ အဲဒီမူဝါဒ ၆ ချက်ကိုတော့ ဘယ်လို အခြေအနေမျိုးမှာမဆို လက်ကိုင်ထားရမယ် ဆိုတာက ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်က နှုတ်မိန့်ရော စာရော ရှိနေဆဲဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးမူ ၆ ချက်က တပ်မတော်ရဲ့ နောက်ဆုံး Red Lines တွေ။ ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် ဆန္ဒအမှန် ရှိရမည်၊ သဘောတူစာချုပ်ကတိကဝတ်များကို မဖောက်ဖျက်ရ၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ် မထုတ်ရန်၊ ဒေသခံများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။

မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော် မတီအစည်း အဝေးတွင် “ကျွန်တော်တို့အစိုးရကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက် နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အလွတ်သဘော ဆွေး နွေးပွဲများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အဖွဲ့ နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လိုက်လံ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article