25.6 C
Yangon

ရဲဘော်ပုလဲမောင် ပစ်ခတ်သတ်ခံရမှုအတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၊ သတ်ဖြတ်သူ ရဲဘော်ငဖြိုး အပါအဝင် တာဝန်ရှိသူတချို့ကို စစ်ရုံးချုပ်သို့ ဖမ်းဆီးခေါ်ဆောင်

Must read

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင် ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၊ ပစ်ခတ်မှုကျူးလွန်သူ ရဲဘော် ငဖြိုးနှင့် ခရိုင်တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်းသိမ်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်သို့ ခေါ်ဆောင်စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၊ ပစ်ခတ်မှုကျူးလွန်သူ ရဲဘော် ငဖြိုးနှင့် ခရိုင်တာဝန်ရှိသူအချို့ကို စစ်ရုံးချုပ်အမိန့်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံး၌ ပြုလုပ်သည့် အစည်းအဝေးအတွင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ လက်အောက်ခံ ရဲဘော် ငဖြိုးက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲဘော်ပုလဲမောင်မှာ နေရာတွင်ပင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးခေါ်ဆောင်လာတာမှန်ပါတယ်။ အမှုကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် စစ်ဆေးပြီး ကျူး လွန်သူနဲ့ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဥပဒေနဲ့အညီ အရေးယူဖို့ စစ်ဆေးမှုတွေ လုပ် ဆောင်နေပါတယ်။ ဒီအမှုကို အထက်က တိုက်ရိုက် ဦးစီးကိုင်တွယ်နေပါတယ်။ ခေါ်ဆောင်လာသူတွေရဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်တွေကိုလည်း အကုန်ဆိုင်းငံ့ထားပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရှင်းပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရဲဘော်ပုလဲမောင်ကို ပစ်ခတ်သတ်ဖြတ်မှု စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article