27 C
Yangon

ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မသော်တာဆိုင်ကို နားကပ်ဖြုတ်၊ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံ ရဲဝင်းပိုင်ကို ဖမ်းဆီးရရှိ၊ တရားခံက ပြစ်မှုကျူးလွန်ခဲ့ဟု ဝန်ခံ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် အသက် ၅ နှစ်အရွယ် မသော်တာဆိုင်ကို နားကပ်ဖြုတ်၊ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သူ အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင်ကို ပဲခူးတိုင်း၊ နတ်တလင်းမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြုသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း အသက် ၅ နှစ်အရွယ် မသော်တာဆိုင်သည် ကျောင်းသွားရန် ပြင်ဆင်ပြီးနောက် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး ယင်းနောက် ယင်းနေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးရှိ အမှိုက်ပုံအတွင်း ခြုံစောင်နှင့် ဆာလာအိတ်ဖြင့် ထုပ်ပိုးစွန့်ပစ်ထားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ ဓမ္မတာ ဆန့်ကျင်သော အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိခဲ့ရသည့်အပြင် ကိုယ်ခန္ဓာတစ် လျှောက် အညိုအမည်းဒဏ်ရာများ ရှိနေကြောင်း၊ ဝတ်ဆင်ထားသည့် ရွှေနားကပ်များကို အတင်းဆွဲဖြုတ်ယူသွားသဖြင့် နားပေါက် ပြုတ်ထွက်လုနီးပါး ဒဏ်ရာများလည်း ရရှိထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူကို ပဲခူးတိုင်း၊ နတ်တလင်းမြို့တွင် ဖမ်းဆီးရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံ ရဲဝင်းပိုင်ကလည်း ကလေးငယ်ကို သတ်ဖြတ်အဓမ္မပြုကျင့်ခဲ့သည်ကို ဝန်ခံထားကြောင်း၊ တရားခံရဲဝင်းပိုင်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဖိုကျေးရွာဇာတိဖြစ်ကြောင်း သိရှိရသည်။

လတ်တလော တရားခံ ရဲဝင်းပိုင်ကို လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် လုယက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ ရဲဝင်းပိုင်ကို ထန်းတပင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article