29 C
Yangon

စစ်ကိုင်းတိုင်း ကျေးရွာများတွင် CDM ဆရာ၊ ဆရာများနှင့် စေတနာဝန်ထမ်းများ ဦးဆောင်၍ ကြားကာလအခြေခံပညာသင်ကြားရေး ကျောင်းများစတင်ဖွင့်လှစ်

Must read

ရန်ကုန်၊ မတ် ၃

Youth Rights(Youth Organization )က “ဖက်ဒရာယ်ပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးနှင့်ကြားကာလ ကျောင်းသားလူငယ်များ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး၊ဆက်လက်ပညာသင်ကြားနိုင်စေရေးစီမံချက်”ဖြင့် ကြားကာလအခြေခံပညာသင်ကြားရေးကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလဆန်းပိုင်းတွင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိကျေးရွာအချို့၌ဒေသခံပညာရေး (CDM)ဆရာ/မများ၊သင်ကြားရေး Volunteer ဆရာ/မများ၊ဒေသခံလူငယ်များနှင့်ပူးပေါင်း၍ကြားကာလအခြေခံပညာသင်ကြားရေးကျောင်းများကိုစတင်ဖွင့်လှစ်နိုင်ခဲ့သည်။

ကျောင်းသား/သူများ၏ပညာသင်ကြားရေးအချိန်အား
(တနင်္လာနေ့ မှ သောကြာနေ့)တစ်ပတ်လျှင်(၅)ရက်ဖွင့်လှစ်ကာသင်ကြားပို့ချလျက်ရှိပြီးတစ်တန်းလျှင်ပညာသင်နှစ်ကာလ ဖေဖော်ဝါရီလမှဇူလိုင်လအထိ(၆)လသတ်မှတ်သင်ကြားလျက်ရှိသည်။

ကျောင်းသူ/သားများ၏ လိုအပ်သော စာရေးကိရိယာပစ္စည်းများ၊သင်ထောက်ကူပစ္စည်းများကို Youth Rights(Youth Organization )မှထောက်ပံ့ကူညီလျက်ရှိပြီး သင်ကြားရေးCDMဆရာ/မများ၊ Volunteer ဆရာ/မများအားထောက်ပံ့ကူညီနိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article