ရန်ကုန် ၊ မတ် ၃
မြောက်ဥက္ကလာသွေးစွန်းခြင်းနှစ်ပတ်လည်နေ့မှာ
“ကျဆုံးလေသောရဲဘော်များအားသက်သေတည်၊တောင်းယူလို့မရတိုက်ယူကြ ကတုတ်ကျင်းများအလွန်ကမ္ဘာသစ်ဆီ”စာသားပါ ဘန်နာကိုင်ဆွဲချီတက်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုတစ်ရပ် ကိုမြောက်ဥက္ကလာပ မြို့နယ်ထဲ မှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုမတ်လ ၃ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ အရပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေကို မြောက်ဥက္ကလာအဝိုင်းမှာ ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့တာတစ်နှစ်တင်းတင်းရှိပြီဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မြောက်ဥက္ကလာမြို့နယ်ကိုသွေးမြေကျစေခဲ့တဲ့ နှစ်ပတ်လည်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် တို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဆဆန္ဒပြကျောင်းသားတွေဟာ”ဒီမိုကရေစီတိုက်ပွဲကိုအဆုံးထိတိုက်ဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးလေသောရဲဘော်များအားသက်သေတည်ကာကတုတ်ကျင်းများအလွန်ကမ္ဘာသစ်ဆီလက်တွဲချီတက်ကြပါစို့။”လို့ တိုက်တွန်းခဲ့ကြပါတယ်။
ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်