30 C
Yangon

မင်းအောင်လှိုင်သား ဆေးရုံဆောက်ရန် ပြင်ဦးလွင်ရှိ အိမ်ခြေ ၁၂၀၀ ရှိသော ရပ်ကွက်ကို ဖျက်သိမ်းရန် စစ်တပ်က လိုက်လံကြေညာ၊ ရပ်ကွက်နေ ပြည်သူများ ကိုယ့်အိမ်ကိုယ် ဖျက်နေရ

Must read

မင်းအောင်လှိုင်သား ဆေးရုံဆောက်ရန် ပြင်ဦးလွင်ရှိ အိမ်ခြေ ၁၂၀၀ ရှိသော ရပ်ကွက်ကို ဖျက်သိမ်းရန် စစ်တပ်က လိုက်လံကြေညာ၊ ရပ်ကွက်နေ ပြည်သူများ ကိုယ့်အိမ်ကိုယ် ဖျက်နေရ

ရန်ကုန်၊ မေ ၇

ပြင်ဦးလွင်မြို့နယ်၊ တောင်ရတနာရပ်ကွက်ကို အကြမ်းဖက်စစ်တပ်မှ မေလ ၈ ရက်နေ့ အပြီး အတင်းအဓမ္မဖယ်ပေးရန် ကြေညာထားသောကြောင့် ရပ်ကွက်နေပြည်သူများ ကိုယ့်အိမ်ကိုယ် ဖျက်နေရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ ပြောကြားသည်။

အဆိုပါ တောင်ရတနာ ရပ်ကွက်ကို ချပေးထားသည်မှာ နှစ် ၄၀‌ ကျော်ပြီဖြစ်ပြီး ဂရံ၊ ကိုယ်ပိုင်မီတာဘောက်ကျထားသူများ ရပ်ကွက်အတွင်း အများအပြားရှိကြောင်း ၊ အဆိုပါ မြေနေရာမှ ရပ်ကွက်ကို ဖျက်ခိုင်းသည်မှာ ယင်းနေရာတွင် အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ဆေးရုံဆောက်မည်ဟု ကြားသိရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

“ပထမ ၅ ရက်နေ့အပြီးဖျက်မယ်‌ ပြောလိုက်တယ် ခွေးကားနှစ်စီးနဲ့ ။ နောက်ရက်ကျတော့ ဗမာတစ်ကောင်က ရပ်ကွက်ကို လာစည်းရုံးတယ်။ ဖျက်တဲ့နေ ဘာမှ မလုပဖို့ အသာတကြည်လက်ခံဖို့ နောက်ဆက်နေရအောင် သူပြောပေးမယ်ပေါ့ဗျာ။ သူပြောပြီးတော့ ရပ်ကွက်အတွင်းကိုခွေးကားတစ်စီး လာပြီး ဖယ်မပေးရတော့ဘူး ကြေညာတယ်။ မနေ့ကကျတော့ ၈ ရက်နေ့ အပြီးဆိုတော့ တစ်ရပ်ကွက်လုံးဖျက်နေရတယ်။ စစ်တပ်က ယုံလို့မရတော့ဘူး။ ပြည်သူကို ကြံဖန်လိမ်ညာနေတာ။ အဲဒီရပ်ကွက်ကလည်း မအလ သား အောင်ပြည့်စုံ ဆေးရုံဆောက်မှာ” ဟု ကိုယ့်အိမ်ကိုယ်တိုင် ဖျက်ခဲ့ရသူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တောင်ရတနာရပ်ကွက်တွင် အိမ်ခြေ ၁၂၀၀ ကျော်ရှိပြီး အိမ်ခြေစိတ်ကြောင်း ၊ ဂရံအိမ်များ၊ မီတာဘောက်ရထားသူများအများအပြားရှိပြီး ကိုယ့်အိမ်ကိုယ်ဖျက်ခဲ့ရသည့်အတွက် ပြည်သူများ အခက်အဲတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article