28 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာ ၇ ရွာ​ကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးရှိ ကျေးရွာ ၇ ရွာ​ကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ​ကျော်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲစခန်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇၀၀ ကျော်က ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” စစ်ခွေး စစ်ကြောင်းက ညောင်ပင်ကြီး ရဲစခန်း အနီးတစ်ဝိုက်ကို ရောက်နေတယ်။ ညောင်ပင်ကြီး အုပ်စုက ကျေးရွာ ၇ ရွာကျော်က ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေရတယ်။ ပြည်သူ ၃၀၀၀ ကျော်လောက်ရှိတယ် ထွက်ပြေးတိမ်းရှောင်နေရတာ စစ်ခွေးတွေကတော့ အင်အား ၁၀၀ ကျော်လောက်ရှိတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

Photo – ဧပြီလ ၂၇ ရက်နေ့က ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article