28 C
Yangon

ချောင်းဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး CRA တပ်ဖွဲ့၏ မိုင်းထုတ်လုပ်ရေးစခန်းကို စီးနင်း မီးရှို့ ဖျက်ဆီး

Must read

ချောင်းဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး CRA တပ်ဖွဲ့၏ မိုင်းထုတ်လုပ်ရေးစခန်းကို စီးနင်း မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် -CRA စခန်းတစ်ခုကိုအကြမ်းဖက် စစ်တပ်က ဓားစာခံပြည်သူ ၂၀ ကျော်ကို အသုံးချကာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြောင်း CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

မေလ ၆ ရက် နံနက် ၉ နာရီးကျော်ခန့်က ကံကြီးကုန်း ပျူရွာသို့ ရိက္ခာပို့လာသော အကြမ်းဖက်စစ် သား ၁၀၀ ကျော်သည် ပြည်သူ ၂၀ ကျော်ကို ဓား စာခံဖမ်းဆီးကာ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် -CRA ၊တပ်ခွဲ ၁၏ပစ္စည်းထုတ်လုပ်နှင့်ဖြန့်ဖြူးရေး ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ရာမိုင်း အလုံး ၇၀ ကျော်၊ reseiver ၊ဝရိန်ပုံး၊ ဖျက်စက် ၃လုံး၊ ဖောက် စက် ၂ လုံးနှင့်ဘစခန်းတဲ ၂လုံးတွဲတို့ကို သိမ်းပိုက် ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

“ဓားစာခံပြည်သူတွေပါနေတော့ မတိုက်ပဲ လက် ရှောင်ပေးလိုက်ရတာ၊ ဆင်ထားတဲ့မိုင်းတွေပါ အကုန် ဖြုတ်သိမ်းပြီး နိုင်သမျှပစ္စည်းတွေ၊ မနိုင်တာ တွေဖွတ်ထားခဲ့တာ၊ ဖွတ်ထားတဲ့မိုင်းတွေ၊ ပစ္စည်း တွေ တွေ့သွားတော့ ဆုံးရှုံးမှုတန်ဖိုး များသွားရတာ၊ စစ်ခွေးတွေ တက်လာပြီဆိုတာ သတင်းက ၁ နာရီလောက်ပဲ ကြိုရတာဆိုတော့ ပြင်ဆင်ချိန်လဲ သိပ်မရလိုက်ဖူး”ဟု CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က စခန်းမဝင်မီး လက်နက်ကြီး ဖြင့် လှမ်းပစ်ခဲ့မှုကြောင့် ရဲဘော်တစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်​ ကြောင်းမှာ ယမန်နေ့ မေလ ၇ ရက်နေ့တွင် လမ်းဘေးတစ်လျှောက်ရှိပြည့်သူနေအိမ်များကို ဖောက်ထွင်းခိုးယူကာ ဓားစာခံပြည်သူများကို သယ်ခိုင်းပြီး ထွက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article