28 C
Yangon

ဝက်လက်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မုံရွာရှိ စေသူရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ပစ်ချခံရ

Must read

ဝက်လက်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မုံရွာရှိ စေသူရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ပစ်ချခံရ

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ကျားသစ်နက် – ပြောက်ကျားအဖွဲ့ထံမှ သိရသည်။

မေလ ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ရှိမ္မကား ဗျူဟာကုန်းမှ ရွာထဲသို့ စျေးဆင်းဝယ်သည့် စစ်​သားများကို ကျားသစ်နက် – ပြောက်ကျား တပ်ဖွဲ့က အဝေးထိန်းပါဆယ် မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး၊ စစ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စေသူကျေးရွာကို ဒရုန်း ဖြင့် ဗုံးလာကြဲသည့် အကြမ်းဖက်စစ်တပ် ဒရုန်းတစ်စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွတ် မြောက်ရေးတပ်ဦး (ဗဟို) -ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၇ ရက် ညနေ ၄ နာရီခွဲခန့်က အ နောက် မြောက်တိုင်း စစ်ဌာရချုပ်ရှိရာ အလုံမြို့ ၊ စစ်ပင်ဆိပ်မှ သံပြားကာကား (၃)စီးဖြင့် လွှတ်တင်ခဲ့သော ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး Drone ဟုယူ ဆရသော ၂ စီးထဲမှ တစ်စီးကို ပစ်ချခဲ့ရာ ချင်းတွင်း မြစ်အတွင်း ပြုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာ မရှိဘူး၊ စေသူရွာကို အရင်နေ့က တစ်ခါ ဗုံးလာချတယ်၊ အဲဒါကြောင့် ကျနော်တို့ ULF တပ်ပေါင်းစုက စောင့်ကြည့်နေခဲ့တာ၊ တစ်စီးတော့ ပစ်ချနိုင်ခဲ့တယ်၊ နောက်တစ်စီးက ပြန်လှည့်ပြေးသွားတာ၊ ဗုံးသီးလဲ ချမသွားနိုင်ဘူး” ဟု ပြည်ထောင် စုလွတ် မြောက်ရေးတပ်ဦး (ဗဟို) -ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပျက်ကျသွားသော ဒရုန်းကို ချင်းတွင်းမြစ်အတွက် လိုက်လံရှာဖွေဆယ်ယူရာ Drone ကိုယ်ထည်နှင့် ဗုံးသီးကို ရှာဖွေတွေ့ရှိခြင်း မရှိပဲ Drone ​ဒေါက် နှစ်ခုသာရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒရုန်းများအား ပစ်ချခဲ့သည့် Drone Catcher မှာ ကျောက်မျက်တောင် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော ပစ္စည်းဖြစ်ကြောင်းပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး (ဗဟို)ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article