သြစတြေးလျနိုင်ငံ လွှတ်တော် ပူးပေါင်း ကော်မတီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
ရန်ကုန်၊ မေ ၁၀
သြစတြေးလျနိုင်ငံတွင် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ လွှတ်တော် ပူးပေါင်း ကော်မတီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် NUG အစိုးရ လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ ပြည်ထောင်စု လွှတ်တော်ရှိ ကော်မတီခန်းမတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးကို NUG လူ့အခွင့်အရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။