ကနီမြို့နယ်၊ ချောင်းမရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်မှု ကျောင်းပိတ်ထား၍ ထိခိုက်မှုနည်းပါးပြီး ကျောင်းဆောင်ပျက်စီး
ရန်ကုန်၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမ စံပြကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေကို မေလ ၁၇ ရက် နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကျဲပစ်ခတ်မူကြောင့် ချောင်းမရွာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးက နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အသက် ၇ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်ဆီကသိရပါတယ်။
စစ်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့ စာသင်ကျောင်းကိုပတ်ချာလှည့်ပစ်ခတ်သွားတာဖြစ်ပြီး ကျောင်းပိတ်ထားချိန်ဖြစ်တဲ့အတွက် ကလေးတွေကျောင်းမှာမရှိဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ပြည်သူများက ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာထဲဝင်ရောက်ချိန်မှ အသေးစိတ်အခြေအနေကိုသိရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။
မေ ၁၇ ရက်နေ့က ချောင်းမရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာ လယ်ရှည်ရွာကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက မေ ၁၁ ရက်နေ့ ကတည်းက ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းက ထွက်လာပြီး ကနီနယ်ထဲ ရွာစဉ်ပတ်မွှေစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
Photo By အလောင်းတော် ကဿပ နယ်မြေသတင်း။