ရန်ကုန်၊ မတ် ၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ်ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။