36 C
Yangon

ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရွာရှိ နေအိမ် ၄၇ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများရေးသားခဲ့

Must read

ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရွာရှိ နေအိမ် ၄၇ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများရေးသားခဲ့

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရှိ နေအိမ် ၄၇ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများ ရေးသားခဲ့ကြောင်း Chaung U Revolution တပ်ဖွဲ့ ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့က ချောင်းဦးမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက် လာသောအကြမ်းဖက် စစ်သားများကို မယ်သယ်ကြိုးကွင်းအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ မိုင်းအကြိမ်ကြိမ်မိပြီး အကြမ်းဖက် စစ်သား အများအပြား ထိခိုက်သေဆုံးကာ ကင်းမွန်ထော်ပျူစောထီးရွာကို ရောက်ရှိနိုင်ခြင်း မရှိသဖြင့် ရှမ်းထူးကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် ၄၇ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်သားများ နတ်ထိုင်ကျောင်းအနောက်ဘက် ချောင်းဦး-အမြင့်လမ်း တစ်လျှောက် တပ်ဖြန့် နေရာယူကာ ကင်းမွန်ထော်နှင့် ကံဇီးရွာမှ ပျူစောထီးများ ထွက်လာနိုင်စေရန် လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ရှမ်းထူးကြီးရွာကို တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article