35 C
Yangon

ချောက်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသော ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် သိန်း ၄၀ အပါအဝင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းများ သိမ်းဆည်းရမိ

Must read

ချောက်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသော ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် သိန်း ၄၀ အပါအဝင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ ချောက်မြို့ပေါ်တွင် ဈေးဝယ်ရန် ထွက်လာသော ကပစ ၂၁ မှ တပ်ကြပ်ကြီး တိုက်ကြက် (ခ) အောင်သူတင့်အား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးကြောင်း Chauk Guerilla Force(CGF) တပ်ဖွဲ့မှ ဒုခေါင်း ဆောင် ဗိုလ်ပေတက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၂ ရက် နံနက် ၉ နာရီခန့်က ကပစ ၂၁ တပ်အတွက် အမြဲတမ်းဈေးဝယ်ပေးရသော တိုက် ကြက် (ခ)တပ်ကြပ်ကြီး အောင်သူတင့် ကားကို ချောက်မြို့သို့ လာရာလမ်းတနေရာ၌ ပစ်ခတ်ရှင်းလင်း ရန် ရည်ရွယ်ခဲ့သော်လည်း ကားပေါ်တွင် အပြစ်မဲ့ပြည်သူများပါရှိနေသဖြင့် မစ်ရှင်ဖျက်သိမ်းကာ ၎င်း၏ နောက်သို့ နောက်ယောင်ခံလိုက်ခဲ့ကြောင်း၊ ကားပေါ်မှ ပြည်သူများချပြီး တစ်ဦးတည်းထွက်ခွာသွားချိန် လူရှင်း သည့်နေရာ အရောက် ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကစွန်းမရွာနားက ကပစ ၂၁ လက်နက်ထုတ်စက်ရုံအတွက် ဈေးဝယ်ပေးရတဲ့ တိုက်ကြက်ပါ၊ ဈေးလာ တဲ့လမ်းပေါ်မှာ ရှင်းလင်းဖို့ လုပ်ခဲ့ပေမယ့် ကားပေါ်မှာက ပြည်သူတွေပါနေလို့ မစ်ရှင်ဖျက်လိုက်တယ်၊ သူက ဆိတ်ဖြူမှာ အထိုင်နေတယ်၊ ကပစ ၂၁ ကားပေါ်ကို စားသောက်ကုန်တွေ ဝယ်ပြီးတင်ပေးနေတဲ့ အလုပ်နဲ့ နေပြည်တော်ကို ပို့မယ့် အရေးကြီးစာရွက်စာတမ်းတွေကို ပို့ဆောင်ပေးနေတဲ့သူ၊ ဘဏ်လို့ ယူဆရတဲ့ ဘက်ကို သွားတဲ့လမ်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ” ဟု Chauk Guerilla Force(CGF) တပ်ဖွဲ့မှ ဒုခေါင်း ဆောင် ဗိုလ်ပေတက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထို့သို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းထံမှ ငွေကျပ် သိန်း ၄၀ ကျော်၊ ဖုန်းတစ်လုံး၊ ဗိုလ်ကြီး ရန်နိုင်၏ ဘဏ်စာအုပ်များ၊ ချက်လက်မှတ် တစ်စောင်၊ ATM ကတ်များ၊ ထိပ်တန်းလျှိုဝှက်စာရွက်စာတမ်းများ ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တပ်ကြပ်ကြီး အောင်သူတင့်ကို ရှင်းလင်းတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့(CGF) ၊ ချောက် ပကဖ ၊ KF People Defense Force ၊ ရေနံချောင်း ဖေကံကောင်းအဖွဲ့၊ MVP Revolution Force တို့ပူးပေါင်းကာ သေနတ် ၂ ချက် ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သေဆုံးသွားသော တပ်ကြပ်ကြီးအောင်သူတင့်ထံမှ သိမ်းဆည်းရမိသော ငွေနှင့် လျှို့ဝှက်စာရွက်စာတမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article