25 C
Yangon

KNU ကော်သူးလေနယ်မြေတွင် ဖေဖေါ်ဝါရီလအတွင်း တိုက်ပွဲ ၂၉၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF တပ်သား ၃၀၅ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၆

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ လအတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ KNDO ကြား ပစ်ခတ်တုက်ခိုက်မှု ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀၅ ဦးသေဆုံးကာ ၂၀၉ ဦး ဒဏ်ရရသွားကြောင်း၊ စစ်ကောင်စီ၏ ကား ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလအတွင်း တိုက်ပွဲများတွင် KNLA နှင့် KNDO ဘက်မှ ၆ ဦး ကျဆုံးကာ ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် BGF များသည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၄၀၀ ကျော် ပစ်ခတ်ခဲ့ပြီး KNU တပ်မဟာ ၅ မူတြော်ခရိုင်သို့ လေကြောင်းမှတဆင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၇ ဦးသေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားလာမှုများကြောင့် KNU တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်များမှ ပြည်သူ ၇၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article