30 C
Yangon

တန့်ဆည်မြို့နယ်ရှိ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

တန့်ဆည်မြို့နယ်ရှိ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာအနောက်ဘက်ရှိ ပျူစောထီး ၃ ရွာပေါင်း ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း MDF Taze Tiger အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၄ ရက် နံနက် ၄ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲကာ ကင်းစခန်းအဖြစ်တည်ဆောက် ထားသာ စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ၄ ဦး သေဆုံးသွားသည်ကို အလောင်းများနှင့်အတူ တွေ့ရှိခဲ့ရကြောင်း၊ ကျန် ပျူစောထီးများမှာ ထိခိုက်ဒဏ် ရာရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK၊ Taze Tiger ၊ PLA၊ TCRF PLA ၊ TSR ၊ Nine Star ၊ ရေမဆေးတပ်ဖွဲ့၊ ဒီပဲယင်း ပကဖ နှင့် တန့်ဆည် ပကဖ တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article