33 C
Yangon

NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့် ဓားဖြင့် ထိုးသတ်ခံရ ၊ စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံ

Must read

NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့် ဓားဖြင့် ထိုးသတ်ခံရ ၊ စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံ

ရန်ကုန်၊ ဇွန် ၉

အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဓားဖြင့် ထိုးသတ်ခံလိုက်ရပြီး စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဒေါပုံနွယ်အေးဗလီအနီးတွင် ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဆေးဆိုင်မှ အိမ်ပြန်လာရင်း လမ်းတွင် ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၊ ဓားဖြင့် ထိုးသတ်ခံရသူ ဦးသန်းမြင့်သည် NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုး၏အကိုဖြစ်ကြောင်း သိရှိရသည်။

” ညဘက် သူရဲ့ဆေးဆိုင်ကနေ အိမ်ပြန်လာရင်း လမ်းမှာ ရက်ရက်စက်စက်အသတ်ခံရတယ်။ ရဲတွေက မှတ်တမ်းယူသွားပေမယ့် ဘာမှ မလုပ်ပေးဘူး” ဟု NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်တွင် NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို သတ်ဖြတ်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း မှတ်ချက်ပြု ရေးသား အောင်ပွဲ ခံလျက်ရှိကြောင်း သိရှိရသည်။

“ဘာအခုမှ ကြောက်ပါပြီလဲ။ မင်းတို့ PDF တွေ လုပ်တုန်းက ကောင်းတယ်။ ငါတို့လုပ်မှ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်နဲ့” ဟု ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် Thiha Aung အကောင့်က မှတ်ချက်ပြု ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article