24.8 C
Yangon

ညောင်ပင်ကြီးရွာကို စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိပြီး ကျေးရွာ ၇ ရွာ​ကျော်က ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

Must read

ညောင်ပင်ကြီးရွာကို စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိပြီး ကျေးရွာ ၇ ရွာ​ကျော်က ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိပြီး ကျေးရွာ ၇ ရွာ​ကျော်က ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ပြည်သူများထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာ ၇ ရွာကျော်က ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လောလောဆယ် ခန့်မှန်းခြေ ကျေးရွာ ၇ ရွာကျော်က ပြည်သူ ၃၀၀၀ ကျော်လောက်ရှိမယ်။ တချို့တွေလည်း မရှောင်သေးဘူး အခြေအနေ ကြည့်နေတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတချို့လက်နက်ကြီးမှန်ထားတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article