26 C
Yangon

ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ

Must read

ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်၏ လှိုင်ဝ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက် ဒဏ်ရာ ရရှိသူများမှာ ကမိုင်ကုန်း ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဒေါ်မှူးလုံး ညာဘက်နားထင် ပြင်းထန်ဒဏ်ရာရ၊ ကမိုင်ကုန်း ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဦးကျော်မင်းထွန်း ဘယ်ဘက်ဝမ်းဗိုက် ဒဏ်ရာ၊ ကမိုင်ကုန်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မနန်းစမှူး ဘယ်ဘက်ပေါင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူလူထုများသည် နေ့စဉ်နှင့်အမျှ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေကြရပြီး စိုးရိမ်ထိတ်လန့် စွာဖြင့်အသက်ရှိနေထိုင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article