25 C
Yangon

သထုံတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့သော စစ်တပ် တပ်ရင်းများတိုက်ခိုက်ခံရပြီးနောက် ဝီယော်တံတားနှင့်လမ်းပိုင်းများကို စစ်တပ်က ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၀

မွန်ပြည်နယ်၊သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့သော စစ်တပ် တပ်ရင်းများတိုက်ခိုက်ခံရပြီးနောက် ဝီယော်တံတားနှင့်လမ်းပိုင်းများကို စစ်တပ်က ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇွန်လ ၇ ရက်နေ့နံနက်ပိုင်း KNLA ၊PDF ၊ သထုံမြို့နယ် ပကဖနှင့် ဘီးလင်းမြို့နယ်ပကဖ တပ်ဖွဲ့များက ပူးပေါင်း၍ သထုံ အခြေစိုက် ခမရ (၁) နှင့် အမြောက်တပ် တို့ကို မြေပြင်တပ်ဖွဲ့များ ၊ Drone တပ်များဖြင့် တိုက်ခိုက်ရာ ခမရ ၁ မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမြောက်တပ် မှ ၅ ဦး သေဆုံးကြောင်း၊ အမြောက်တပ် ၏ တပ်ရင်းမှူးသည် အသစ်ပြောင်းရွှေ့လာသူဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက် ဆေးကုသနေရကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန် သထုံမြို့နယ်၊ ဝီယော်စစ်စခန်းမှ စစ်အင်အား အလုံးအရင်းဖြင့် သိမ်ဆိပ် ကျိုက်ကော်- လေးကေလမ်းပိုင်းကို ဆက်သွယ်ထားသောလမ်းပိုင်းအား ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါလမ်းပိုင်းမှာ လေးကေ-ဝင်းတာပန်-ပုရစ်ခို-ထုံးဖိုကြီး-ထုံးဖိုလေး ကျေးရွာမှ ဒေသခံပြည်သူများ သိမ်ဆိပ်နှင့် ကျိုက်ကော်သို့ နေ့စဉ် ကုန်စည် သယ်ဆောင်သွားလာရန် အသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်သည့်အတွက် ဒေသပြည်သူများ ခရီးသွားလာရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း သိရှိရသည်။

“သထုံကြာပန်းလမ်းကနေ လေးကေထိ လမ်းမကို စစ်တပ်က ဖျက်လိုက်ပြီ။ ပိန္ဒဲတောစခမ်းရှေ့က တံတားနားက လမ်းကိုမနေ့ညကလာဖျက်သွားတာ။ သူတို့စခန်းနားက လမ်းကိုဖျက်လိုက်တာ။ ရွာသားတွေလည်းသွားမရဘူး

လက်နက်ကြီးတွေေလည်း ပစ်တယ်။ ထုံးဘိုလေးရွာဘက်ကိုကျတယ်။ အမြောက်တပ် ၉ ကလည်း ပစ်တယ်။

မနေ့ညကလည်း လက်နက်ကြီးပစ်တယ်။ ဒီမနက်လည်း လက်နက်ကြီး ၅လုံးလောက်ရှိပြီ။ ထုံးဘိုလေးရွာနားကျတယ်။ စစ်တပ်က ဝီယော် တံတားကိုလည်း မနေ့ည မနေ့ညက ၈နာရီ၉နာရီလောက်မှာ စဖျက်တယ်။ တင့်ကားတစ်စီးပါတယ်။ စစ်အင်အား ၁၀၀ လောက်နဲ့ကို တံတားကို လာဖျက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သထုံတိုက်ပွဲတွင်ဒဏ်ရာရရှိသွားသော သထုံ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်သည် ပြောင်းရွှေ့လာပြီးသည်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့်ကျေးရွာသားတချိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့်တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article