ချောင်းဦးမြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသော ပြည်သူများကို ကူညီပံ့ပိုး
ရန်ကုန်၊ ဇွန် ၁၂
ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၁၄၁ စု အတွက် “ချစ်ချစ်ခင်ခင် မိသားစု ” (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဒန်အိုးကြီး ၁ လုံး၊ ဒယ်အိုး ၁လုံး၊ စတီးဇွန်း ၁ ဒါဇင်
နှုန်းစီဖြင့် ဒန်အိုး ၁၄၁ လုံး၊ ဒယ်အိုး ၁၄၁ လုံး၊ စတီးဇွန်း ၁၄၁ ဒါဇင် နှင့်အိမ်ထောင်စု ၁၄၁ အိမ်ထောင်မှ မိသားစုဝင် ၅၆၆ယောက်အတွက် ထမင်းစားစတီးဇလုံ ၅၆၆ လုံး၊ ဟင်းထည့်ဇလုံ ၄၆၇ လုံးတို့အား ပေးအပ်ကူညီခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေးလုပ်ငန်းများသာမက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကို စွမ်းနိုင်သမျှကူညီစောင့်ရှောက်ခြင်းများကို အလှူရှင်များ ဒေသခံပြည်သူများနှင့်လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။