29 C
Yangon

မုံရွာ၊ ညောင်ပင်သာရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျ၊ ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ၂ ကြိမ် ထပ်မံ မီးရှို့ဖျက်ဆီး

Must read

မုံရွာ၊ ညောင်ပင်သာရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျ၊ ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ၂ ကြိမ် ထပ်မံ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံးပြာကျခဲ့ကြောင်းကြောင်း မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမြို့အဝင် မအူ စစ်ဆေးရေးဂိတ်မှ စစ်သား ၃၀ ကျော်ပါ စစ်ကြောင်းသည် ကျေးရွာအတွင်း ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်း အနီး မုံရွာ-အမြင့် ကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးငြိမ်းမည့်သူ မရှိသောကြောင့် မီးကူးစက် လောင်ကျွမ်းကာ နေအိမ် ၃ လုံး ထပ်မံ ပြာကျခဲ့ကြောင်း သိရှိရသည်။

ညောင်ပင်သာ ကျေးရွာသည် အိမ်ခြေ ၇၀ ခန့်သာရှိသော ကျေးရွာဖြစ်ပြီး ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ကျည်ထိမှန်ခဲ့ကြောင်း၊ စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေ ၃ နာရီခန့်တွင် မအူဂိတ်ထဲသို့ ပြန်ဝင်သွားကြောင်း မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီကျော်နှင့် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်ပင်ကြီးရွာတွင် ဇွန်လ ၉ ရက်နေ့၌ စတင် တပ်စွဲပြီးနောက် ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ကျေးရွာများမှ နေအိမ်များကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးလျက်ရှိ​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article