32 C
Yangon

ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး ထိုင်လျက် ငုတ်တုတ် သေဆုံး

Must read

ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး ထိုင်လျက် ငုတ်တုတ် သေဆုံး

ရန်ကုန်၊ ဇွန် ၁၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း စစ်တပ်ဘက်မှ သတင်းထုတ်ပြန်မှုနှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ရေတာရှည်မြိုနယ်၊ ဆွာမြို့ ၊ ဆွာမြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းတင်သည် ဆွာမြောက်ပိုင်းရပ်ကွက်၊ ရန်ကုန်-မန္တလေးရထားသံလမ်းဘေးရှိ ၎င်း၏နေအိမ်ရှေ့တွင် ထိုင်နေစဉ် သေနတ်သမားတချို့က ပစ်ခတ်သဖြင့် ထိုင်ခုံတွင်ပင် ထိုင်လျက် သေဆုံးသွားကြောင်း သိရှိရသည်။

” ဆွာမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းတင်က စစ်သားဟောင်းပါ။ သူ့ကို ဝင်ပစ်တာမှာ ဗိုက်မှာ သေနတ်ဒဏ်ရာ ၄ ချက်၊ နဖူးမှာ ၁ ချက် ၊ လက်မှာ ၁ ချက် စုစုပေါင်း ကျည် ၆ ချက်နဲ့ ထိုင်လျက်ပဲ ငုတ်တုတ်ကြီး သေဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဆွာမြို့ မြောက်ရပ်ကွက်နေရာများကို ပိတ်ဆို့စစ်ဆေးနေပြီး ရပ်ကွက်အတွင်းရှိ လူငယ်များမှာလည်း စစ်တပ်က ရမ်းကားဖမ်းဆီးမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article