27 C
Yangon

နေပြည်တော် လယ်ဝေးရဲစခန်းနှင့် MICC -2 စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သား ဒီသုခသေဆုံးပြီး ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ် ကျော်သူ အပါအဝင် ရဲ ၃ ဦး ဒဏ်ရာရရှိ

Must read

နေပြည်တော် လယ်ဝေးရဲစခန်းနှင့် MICC -2 စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သား ဒီသုခသေဆုံးပြီး ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ် ကျော်သူ အပါအဝင် ရဲ ၃ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဇွန် ၁၂

အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော် လယ်ဝေးရဲစခန်းနှင့် MICC-2 စစ်ဆေးရေးဂိတ်ကို ယနေ့ ညနေပိုင်းနှင့်ညပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ ရဲတပ်သား ဒီသုခ သေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာရရှိကြောင်း

ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၂ မိနစ်အချိန် နေပြည်တော်၊ လယ်ဝေးစခန်းအဝင် ရဲစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး ရဲ ၁ ဦးထိခိုက်သေဆုံးကြောင်း၊ ကျန်ရဲ ၃ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

နေပြည်တော်ရဲသတင်းရင်းမြစ်၏ အဆိုအရ လယ်ဝေးရဲစခန်းမှ ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ် ကျော်သူနှင့် ရဲတပ်သား ဒီသုခတို့သည် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ သာဂရရဲစခန်းမှူးရဲအုပ် သက်နိုင်စိုး၊ ဒုရဲအုပ် ကျော်မြင့်နှင့်အတူ စကားပြောနေစဉ် ဆိုင်ကယ်တစ်စီးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားကြောင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရသဖြင့် ရဲအုပ် ပြုံးချိုတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာ ၊ ရဲတပ်ကြပ်ကျော်သူတွင် ဝဲခြေသလုံးလက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ၊ ရဲတပ်သား ဒီသုခတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာဘက် ဂျိုစောင်း(နားထင်)ဒဏ်ရာ၊ ယာခြေသလုံး လက်မ ဝက်ခန့်ပေါက်ပြဲဒဏ်ရာ၂ ချက် ရရှိခဲ့ကြောင်း၊ ရဲတပ်သား ဒီသုခမှာ ရရှိဒဏ်ရာဖြင့် လယ်ဝေးဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ည ၈ နာရီ ၂ မိနစ်အချိန် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ MICC-2အနီးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသော သတင်းတယ်လီဂရမ်ချန်နယ်များကမူ နေပြည်တော်လယ်ဝေးရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခံရမှု ဗီဒီယို CCTV နှင့် ဗုံးဖြင့် ပစ်ခတ်သော ဆိုင်ကယ်နံပါတ်၊ ပစ်ခတ်သူများ၏ အသွင်အပြင်များကို ထုတ်ပြန်၍ ဖမ်းဆီးရမိရေးအတွက် သတင်းများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ- နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်များ၏ အိမ်ရာ နေပြည်တော်စည်ပင်ဝင်းကို စောင့်ကြပ်နေသည့် အကြမ်းဖက် စစ်ကောင်စီဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- Reuters

An army vehicle is parked outside the parliament members’ residence after Myanmar army seized power in a coup, in Naypyitaw, Myanmar February 2, 2021. REUTERS/Stringer NO RESALES NO ARCHIVES
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article