25 C
Yangon

ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ထားဝယ်မြို့ အထွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ထားဝယ်မြို့ အထွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း တလားဂူလျှိုနားကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း တလားဂူလျှိုနားကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ပြည်ခရိုင် PDF တပ်ရင်းများ ဖြစ်သော ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၂ PDF တပ်ရင်းတို့မှ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်းပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အထွက်အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerilla Revolution Force – DGRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဇွန်လ ၁၁ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်သား ၈ ဦးခန့်ဖြင့် ဂိတ်ဖွင့်တပ်စွဲပြီး မြို့အဝင်၊ အထွက်ပြည်သူများကို စစ်ဆေးဖမ်းဆီးနေသော စစ်သားတပ်ဂိတ်ကို Dawei Guerilla Revolution Force – DGRF တပ်ဖွဲ့ ရဲဘော်များမှ အလစ်အငိက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၁ ဦးလမ်းပေါ်ပုံလျက်လဲကျသေဆုံးသွားပြီး ကျန်အကြမ်းဖက်စစ် သား ၃ ဦးလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ထားဝယ်အိမ်ရှေ့ပြင်မြို့အဝင်ဂိတ်ပါ ရုတ်တရက်အလစ်အငိုက်ပြောက်ကျားဝင်ပစ်ခဲ့တာ၊ စစ်ခွေး တွေဘက်က ပြန်ပစ်တာ မရှိပါဘူး၊ ခွေးသေအလောင်းတော့ ဘယ်အချိန်လာသယ်သွားလဲမသိဘူးဗျ၊ ပစ်ပြီးတာနဲ့ လမ်းပေါ်မှာ ခွေးတစ်ကောင်ပုံလျက်လဲကျသွားတာနဲ့ တစ်ကောင်ကို ဂိတ်ထဲဆွဲသွင်း သွားတာမြင်လိုက်တယ်ဗျ၊ ပစ်ခတ်တိုက်ခိုက်ခံရပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်သွားတယ်ဗျ” ဟု Dawei Guerilla Revolution Force – DGRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article