27 C
Yangon

ကရင်နီပြည်နယ်တွင် မယ်စဲ့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ကြီး/ငယ် ၄၂ လက် ကျော်သိမ်းဆည်းရရှိ

Must read

ကရင်နီပြည်နယ်တွင် မယ်စဲ့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ကြီး/ငယ် ၄၂ လက် ကျော်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၃

ကရင်နီပြည်နယ်၊ မယ့်စဲ့မြို့မရဲစခန်း အပါအဝင် တပ်စခန်း ၄ ခုကို တပြိုင်နည်းတည်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက် နက်ကြီး/ငယ် ၄၂ လက်ကျော်သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပြီး မယ်စဲ့မြို့မရဲစခန်း၊ တောင်လှတပ်စခန်း၊ မယ်လနွယ် တပ်စခန်းနှင့် Bp 14 တပ်စခန်းတို့ကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်းတိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ မယ်စဲ့ရဲစခန်းသိမ်းပိုက်မှုတွင် ရဲစခန်းမှူး သေဆုံးပြီး လက်နက်ငယ် ၄၀ ကျော်သိမ်းဆည်းရ ရှိခဲ့ကြောင်း၊ တောင်လှစခန်းတိုက်ပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိ ရသည်။

“မယ်စဲ့မြို့ဆိုတာ ရွာသာသာပဲရှိတာ၊ အဲမှာက ရဲစခန်းမှူးပါ ကျသွားတယ်၊ ခံပစ်လို့ဖြစ်မှာပေါ့၊ လေယာဉ်နဲ့က ၄ စီးလာတယ်၊ ရဟတ်ယာဉ်ရော၊ ဂျက်ရောပါနိုင်တယ်၊ ရဟတ်ယာဉ်က နေ့လည် ၁ နာရီအထိကို ဝဲနေသေးတယ်၊ ဒါပေမယ့် မပစ်ဖူးလို့ သိရတယ်၊ မယ်စဲ့မြို့အရှေ့ဘက်မှာ တပ်စခန်းကြီး တစ်ခုရှိသေးတယ်၊ အဲစခန်းလည်း ဆက်တိုက်ဖို့ရှိတယ်၊ အခုထိတော့ ဘာမှမကြားရသေးဘူး၊ လက်နက် ကြီးက ၁၂၀ မမ ၂ လက်၊ ရဲစခန်းက လက်နက် အလက် ၄၀ လောက်ရတယ်၊ တောင်လှတပ်စခန်းက ၁၂၀ မမ ၂ လက်ပေါ့၊ လက်နက်ငယ်တွေလည်း ပါဦးမယ်၊ စာရင်းအတိအကျ မသိရသေးဘူး၊ တောင်လှ စခန်းက စခန်းအကြီးပဲ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ကရင်နီပြည်နယ် ၊BP -14 စခန်းနှင့် မယ်လနွယ်စခန်းသည် ကရင်နီ-ထိုင်းနယ်တွင်တည်ရှိပြီး တောင်လှစခန်းကြီး၌ ယခင် က ရှိခဲ့သော တပ်စခန်းငယ်များမှ ပူးပေါင်းထားကြောင်း၊ မယ်စယ့်မြို့အရှေ့ဘက်ရှိ တပ်စခန်းကြီးတစ်ခု မှ မယ်စဲ့ရဲစခန်းသိမ်းတိုက်ပွဲကို လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ မသိရသေးကြောင်း သိရသည်။

ဓာတ်ပုံ- မတ်လအတွင်း ကရင်နီပြည်နယ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီတပ်၏ ၁၂၀ မမ လက်နက်ကြီးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article