34 C
Yangon

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော် လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော် လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၁၃

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနှင့်လ္ဘက်တောင်အကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များတွင် နေပြည်တော် PDF တပ်ရင်းများ၊ KA နှင့် သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပါဝင်ပြီး ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

“အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3 ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article