28 C
Yangon

ပုလော၊ ကျောင်းနိမ့်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ပုလော၊ ကျောင်းနိမ့်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပုလောမြို့နယ်‌၊ ကျောင်းနိမ့်ရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၅ တပ်မှ ဇွန်လပိုင်းမှ စတင်ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောင်းနိမ့်ရွာသည် ၂၀၂၂ ခုနှစ်တည်းက အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စီးနင်းမှုကြောင့် ဒေသ ပြည်သူ ၁၀၀၀ ကျော်သည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း၊ ကျေးရွာနေ ပြည်သူ အချို့သည် နံနက်ပိုင်းတွင် နေအိမ်များကို ပြန်လာပြီး ညပိုင်းတွင် နီးစပ်ရာ ဥယာဉ်ခြံများ၌ တိမ်းရှောင် နေရကြောင်း သိရှိရသည်။

” အကြမ်းဖက် စစ်တပ် ခလရ ၂၈၅ တပ်က နေ့စဥ် ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူများတွေ ဒုက္ခရောက်နေတယ်။ ဇွန်လက စပြီး ကျောင်းနိမ့်ရွာအတွင်းသို့ကို နေ့စဉ်‌လက်နက်ကြီး ၂၀ ခန့်ပစ်‌ခတ်နေတာပါ။ အခု တစ်ပတ်မှာ ဒေသ ရွာသား ၂ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရတယ်။ Droneနဲ့လည်း ရွာကို ဗုံးကျဲတယ်။ ၂၀၂၂ ခုနှစ်တည်းက စစ်ကြောင်း ရွာကို ဝင်စီးလို့ ရွာလုံးကျွတ် စစ်ရှောင်နေရတာပါ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တနင်္သာရီတိုင်း သရက်ချောင်း၊ ပုလော၊ ရေဖြူ အပါအဝင် မြို့နယ်များတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တန်ဖိုးရှိသော ပစ္စည်းများကို လုယက်ခိုးယူခြင်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသဖြင့် တနင်္သာရီတိုင်းတစ်တိုင်းလုံးတွင် ပြည်သူသောင်းချီ၍ ထွက် ပြေး တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article