32 C
Yangon

ဆားလင်းကြီးမြို့နယ်။ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ သိမ်တော်ရွာကို စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးပြန်

Must read

ဆားလင်းကြီးမြို့နယ်။ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ သိမ်တော်ရွာကို စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးပြန်

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ သိမ်တော်ရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

သိမ်တော်ရွာက ညောင်ပင်ကြီးရဲစခန်းရဲ့ အနောက်ဘက်ရွာ။ PDF တွေ ဝင်စီးခဲ့တဲ့ ရဲစခန်းနဲ့က ရွာတွေက လမ်းပဲခြားတယ်။ အရင်နေ့တွေက ပြည်သူတချို့ဖမ်းခံရတာရှိတယ်။ အခုတော့ ရွာတွေကို နေ့စဉ်ရက်ဆက် မီးရှို့နေတယ်”ဟု ဒေသပြည်သူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးရွာ၌ တပ်စွဲထားပြီး ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာများကို ဇွန်လ ၁၂ ရက်နေ့တွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင် ညောင်ပင်ကြီးအုပ်စု သုံးဆူကျောင်းရှိနေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၀ ရက်နေ့တွင် ညောင်ပင်ကြီးရွာနှင့် အနီးရှိ ကျေးရွာများကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ကလည်း ညောင်ပင်ကြီးရွာ ၃ ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ် အချိန် မှ ည ၇ နာရီအထိ တော်လှန်ရေးတပ်များက ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲ ၁၂ ဦးသေဆုံးကာ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာတွင် ဝင်ရောက်တပ်စွဲကာ ကျေးရွာများကို ဆက်တိုက် မီးရှို့နေခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသပြည်သူ ထောင်ချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှိုနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article