33 C
Yangon

ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပုလဲမြို့နယ်ရှိ ပျူစောထီး အမာခံကျေးရွာ ဖြစ်သည့် ဇီးဖြူကုန်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းမြတ်သူ ဦးဆောင်သော ခ.လ.ရ ၇၀၄ တပ်ရင်း နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို မင်းတိုင်ပင်ကျေးရွာနှင့် ဇီးဖြူကုန်း ကျေးရွာအကြားတွင် ABSDF ချင်းတွင်းဒေသ တပ်ရင်း နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုလဲ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ABSDFနှင့် ပုလဲ ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ စစ်ခွေး ၅ ကောင်သေပါတယ်။ သေဆုံးသွားတဲ့ စစ်ခွေးတွေနဲ့ ထိခိုက် ဒဏ်ရာရရှိသူတွေကို ဇီဖြူကုန်း ပျူစောထီးရွာထဲကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်” ဟု ABSDF Column – 3 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရိက္ခာပြတ်လပ်နေသည့် ပုလဲမြို့နယ်ရှိ ပျူစောထီး အမာခံကျေးရွာများ အတွက် အနီးနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို လုယက်ရန် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article