25.7 C
Yangon

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် စစ်ကူကားများကို တိုက်ခိုက်မှု စစ်သား ၄ ဦးထက်မနည်း သေဆုံးပြီး ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် စစ်ကူကားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်း သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ယင်းတိုက်ပွဲအတွင်း စစ်ကူပေးရန် ထွက်လာသည့် အိမ်စီးကား ၁၃ စီးကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

“တောရွာကျောင်းထဲမှာက အင်အားက ၃၀ ဝန်းကျင်လောက်ရှိမယ်။ အဲဒီထဲကို ၇၉ မမ ၂ လက်၊ လက်နက်တွေနဲ့ ဝင်ပစ်ခဲ့တာ။ အဲလို ဝင်ပစ်လိုက်တဲ့အခါကျတော့ ကားတွေနဲ့ ပတ်လိုက်တာ၊ အဲဒီလို လိုက်လာတဲ့ကားတွေကို ၇ စီးလောက် ကောင်းကောင်းပစ်ရတယ်။ ၇၉ မမ နဲ့ ထုလိုက်တဲ့ ကားတစ်စီးဆိုရင် တည့်မှန်တာ၊ အဲဒီကားဆိုရင် အသေအပျောက် များလောက်တယ်။ ပြီးရင် မိုင်းဆွဲလိုက်တဲ့ကားကလည်း ကားကို ထိုးရပ်သွားတာ၊ ဘာမှကို မလှုပ်နိုင်တော့တာ။ 4 Wheel တစ်စီးပေါ်မှာ ပါလာတဲ့ စက်ကလေးကိုင်လာတဲ့ တစ်ယောက်ဆိုရင် ကျနော်တို့ ပစ်လိုက်တာ လမ်းပေါ်ပြုတ်ကျသွားတာ၊ အဲဒီကားပေါ်ကဆိုရင် ၂ ယောက်လောက် ပြုတ်ကျသွားတယ်” ဟု မုံရွာနတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၁၊ တပ်ရင်း ၄၊ တပ်ရင်း ၂၂၊ တပ်ရင်း ၂၃၊ တပ်ရင်း ၂ batch (၂၅)၊ တပ်ရင်း ၂၈၊ ပြည်သူလွတ်မြောက်တပ်မတော် (PLA) နှင့် Royal God People Defense Force၊ တိုက်နယ် ၄ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (မုံရွာ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article