ပခုက္ကူ၊ မြို့စိုးရွာကို စစ်တပ်က ၂ ကြိမ် ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅ လုံးပြာကျ
ရန်ကုန်၊ ဇွန် ၁၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြို့စိုးရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ်ဆက်တိုက် မီးရှို့ဖျက်ဆီးရာ ပြည်သူပိုင် နေအိမ် ၁၅ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မြို့စိုးရွာကို စတင် မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၅ လုံး ပြာကျခဲ့ကြောင်း၊ ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
” စုစုပေါင်း နေအိမ် ၁၅ လုံး ပြာကျသွားတယ်။ အခု တစ်ကြိမ်နဲ့ဆို စစ်ခွေးတွေ ရှို့တာ ၂ ကြိမ် ရှိသွားပြီ အရင်ပြီးတဲ့လကလည်း နေအိမ် ၅ လုံးရှို့ခံရတယ်။ အရင်လက အနီးအနားရွာတွေလည်း မီးရှို့ခံရတာတာရှိတယ်” ပြည်သူတစ်ဦးကပြောဆိုသည်။
မြို့စိုးရွာသည် အိမ်ခြေ ၁၈၄ အိမ်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကြောင်း၊ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ရွာကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း၊ လက်ရှိချိန်ထိ စစ်သားများနှင့် ပျူစောထီးများသည် BBI၊ EPC ထဲ၌ တပ်စွဲထားသည်မှာ ၈ လခန့် ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဆယ်လံ ကမ်းပါးပြို၍ ရွေ့လာတဲ့ ဆယ်လံရွာ၊ အိုင်ကြီး၊ ကမ်ကြီးစု၊ ပေါက်တော၊ ကျွန်ချောင်း၊ မြို့စိုး၊ ငွေသောင်၊ ချမ်းသာကြီး စသည့် ကျေးရွာများမှ ပြည်သူများက အကြမ်းဖက် စစ်တပ်ကိုလည်း အကြမ်းဖက် စစ်တပ်က ခြိမ်းခြောက် ရိုက်နှက်ပြီး ပစ္စည်း ယူဆောင်ခြင်းများရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။