32 C
Yangon

ဆားလင်းကြီး၊ နှင်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၈ ဦး ဖမ်းဆီးခေါ်ဆောင်သွား

Must read

ဆားလင်းကြီး၊ နှင်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၈ ဦး ဖမ်းဆီးခေါ်ဆောင်သွား

■ သိမ်တော်ရပ်ကွက်ရှိ နေအိမ်များကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နှင်းတောရွာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာအနီးရှိ သိမ်တော်ရပ်ကွက်ကို မီးရှို့ခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ရွာများကို ၄၀ မမ ၆၀ မမများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် နှင်းတောရွာသား ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နှင်းတောရွာမှ ပြည်သူ၈ဦးခန့်ကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ညနေပိုင်းတွင် ဖလက်မော်တော် ၁ စီးသည် ညောင်ပင်ကြီးကို ဆိုက်ကပ်ပြီး ဖလက်ပေါ်၌ စစ်သုံးပစ္စည်းများနှင့် ဖောကား ၁ စီးပါလာကြောင်း၊ ကျေးရွာနေ ပြည်သူများလည်း လက်ဗလာဖြင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်သားများ ပစ်သတ်ခဲ့သည့် ရုပ်အလောင်းကို လက်ရှိချိန်ထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်းသိရပါသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော သိမ်တော်ရပ်ကွက်မှ ပြည်သူပိုင် နေအိမ်မျာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article