22 C
Yangon

မော်လမြိုင်၊ ဖာပွန်နှင့်ကလေး၀မြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး စစ်တပ်လက်အောက်ခံ သစ်တောရုံးနှင့် စစ်တပ် ထောက်ပို့ လမ်းတံတားတချို့ ပျက်စီး

Must read

မော်လမြိုင်၊ ဖာပွန်နှင့်ကလေး၀မြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး စစ်တပ်လက်အောက်ခံ သစ်တောရုံးနှင့် စစ်တပ် ထောက်ပို့ လမ်းတံတားတချို့ ပျက်စီး

ရန်ကုန်၊ ဇွန် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်၊ ကရင်ပြည်နယ်၊ ဖာပွန်နှင့် စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး စစ်တပ်လက်အောက်ခံ သစ်တောဦးစီးဌာနရုံး၊ စစ်တပ် ထောက်ပို့လမ်းကြောင်းဖြစ်သော လမ်းတံတားတချို့ပျက်စီးကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၁၃ ရက်နေ့ ညပိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက် ပတ္တမြားဘုန်း‌ကြီးကျောင်းအနီးနှင့် မော်လမြိုင်မြို့၊အလယ်တန်းရပ်၊ဝန်ထမ်းအိမ်ရာဘေးအနီးရှိ ဓါတ်အားခွဲရုံတို့တွင် မိုင်းများပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသော မြို့ဖြစ်၍ လုံခြုံရေးအထူးတင်းကျပ်ထားချိန်တွင် မိုင်းများပေါက်ကွဲခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေရာများကို ရဲနှင့်စစ်တပ်က လာရောက်စစ်ဆေးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ သစ်တောဦးစီးဌာနရုံးကို ဇွန်လ ၁၃ ရက်နေ့ ညပိုင်း၌ တော် လှန်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရုံးတစ်ခုလုံး မီးလောင် ပြာကျသွားကြောင်း ဒေသပြည်သူများ ထံမှ သိရသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း ၊ကလေးဝမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ပလူဇဝကျေးရွာအနီး ကလေးဝ – မော်လိုက်ကားလမ်းရှိ ချောင်းကူးတံတားကို တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲလိုက်ကြောင်း၊ ယင်းတံတားနှင့် လမ်းသည် စစစ်ကောင်စီတပ်များ ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေသော လမ်းနှင့်တံတားဖြစ်ကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတားကြမ်းခင်း ပတ်လည် ပေါက်ကွဲပျက်စီးသွားပြီး ယာဉ်သွားလာ၍ မရတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်၊ ဖာပွန်ရှိ စစ်တပ်လက်အောက်ခံ သစ်တောဌာနရုံး မိုင်းခွဲခံရပြီး ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article