27 C
Yangon

ဂျနီဗာမြို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ၊အမေရိကန်အစိုးရ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေး

Must read

ဂျနီဗာမြို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ၊အမေရိကန်အစိုးရ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ITUC)၊ အမေရိကန်အစိုးရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ဇွန်လ ၁၃ရက်နေ့တွင် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshidaတို့နှင့် တွေ့ဆုံခဲ့ပြီး ဇွန်လ ၁၄ရက်နေ့တွင် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee ၊ U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez တို့အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လွပ်လပ်စွာသင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့်အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry က စုံစမ်းစစ်ဆေးနေမှုတွင် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များကို ITUC တာဝန်ရှိသူများနှင့် တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများမှ NUG ကို မြန်မာနိုင်ငံ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) တို့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ စစ်ကောင်စီကို ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး

အပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ၊အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားဖိနှိပ်ခံရမှု အရေးကိစ္စများအပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နိုင်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article