30 C
Yangon

နမ့်စန်လေတပ်ကို စာရင်းစစ် ဝင်ရောက်ချိန် အထက်လူကြီးများ၏ ခိုးယူမှုကြောင့် စာရင်းမကိုက်ဘဲ အပြစ်ပုံချခံရသောကြောင့် တပ်ကြပ်မြင့်ဦး ကြိုးဆွဲချသတ်သေ

Must read

နမ့်စန်လေတပ်ကို စာရင်းစစ် ဝင်ရောက်ချိန် အထက်လူကြီးများ၏ ခိုးယူမှုကြောင့် စာရင်းမကိုက်ဘဲ အပြစ်ပုံချခံရသောကြောင့် တပ်ကြပ်မြင့်ဦး ကြိုးဆွဲချသတ်သေ

ရန်ကုန် ၊ ဇွန် ၁၆

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် လေတပ်ကို စာရင်းစစ် ဝင်ရောက်ချိန် အထက် လူကြီး အဆင့်ဆင့် ခိုးယူမှုကြောင့် စားရင်းမကိုက်ဘဲ အပြစ်ပုံချ ခံရ​သောကြောင့် တပ်ကြပ်မြင့်ဦး ကြိုးဆွဲချ သတ်သေခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“မနေ့ညက တပ်သားတစ်ဦး ကြိုးဆွဲချသေတယ်။ မော်တော်ယာဥ်ဌာနက ဒီနေ့ မြေမြှုပ်တယ်တဲ့ တပ်ကြပ်မြင့်ဦး ပြောင်းလာတာမကြာသေးဘူး။ စာရင်းတွေမကိုက်လို့ စာရင်းစစ် ရောက်နေတုန်း ဆွဲကြိုးချ သတ်သေသွားတယ်လို့ သိရတယ်” ဟု စစ်တပ်နှင့် နီးစပ်သူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကြိုးဆွဲချ သတ်သေသွားသူသော တပ်ကြပ်မြင့်ဦးသည် အဆိုပါ နမ့်စန်လေတပ်သို့ ပြောင်းရွေ့လာသည်မှာ မကြာသေးဘဲ ၎င်းမရောက်ခင် အရင်လူများမှ မော်တော်ယာဉ်ဌာနရှိ ဆီစာရင်း၊ ငွေစာရင်း စက်ပစ္စည်းစာရင်း ပြင်ထိန်း စရိတ်များ အားလုံး စာရင်းလိမ်ထားခြင်းကြောင့် စာရင်းမကိုက် စာရင်းမပြနိုင်သည့် အတွက် သတ်သေသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်လူတွေ ခိုးထားသမျှ အကုန်စာရင်းလိမ်ထားသမျှတွေ မကိုက်တော့ သူ့အပေါ်အကုန် ပုံချတော့ သူလည်း စာရင်းမပြနိုင်တော့။ မော်တော်ယာဥ်ဌာနက ဆီစာရင်း ငွေစာရင်း စက်ပစ္စည်းစာရင်း ပြင်ထိန်း စရိတ်တွေအကုန် သူ့အထက်ခွေးကြီးတွေက စားဝါးပြီး အပြစ်တွေကျတော့ သူ့ကို အကုန်ပုံချလို့တဲ့ဗျ” ဟု စစ်တပ်နှင့် နီးစပ်သူမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article