ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ် စစ်ေဘးရှောင်များကို ၃ ရက်တိုင် လှူမည်၊ မြွေကိုက်ခံရသည့် လူနာများကို မွေးနေ့အကြိုအဖြစ် မြွေဆိပ်ဖြေဆေးများလှူဒါန်း
ရန်ကုန်၊ ဇွန် ၁၇
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ မြို့နယ် ၅ မြို့နယ်နှင့် ကျေးရွာ ၁၀ ရွာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထူးအစီအစဥ်အဖြစ် စစ်ဘေးသင့် ပြည်သူများအတွက် လိုအပ်မှုများကို ကျပ်သိန်း ၂၅၀ ဖိုး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တွင်းရှိ
မြွေကိုက်ခံရသော ပြည်သူ ၂ ဦးကို S&C ပရဟိတအခမဲ့ဆေးခန်းမှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ပိုးထိလူနာများကို မြွေဆိပ်ဖြေဆေး တစ်ဦးလျှင် ၁၀ လုံးစီ လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။