ထိုင်းအိမ်စောင့်အစိုးရက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြား၍ မြန် မာ့ အရေး ဆွေးနွေးပွဲ အလျှင်စလို ကျင်းပမှု ရွေးကောက်ပွဲ အနိုင်ရ လွှတ် တော် အမတ်နှင့် ဒုဝန်ကြီး ချုပ်ဟောင်း Chaturon Chaisand က ဝေဖန်
ရန်ကုန်၊ ဇွန် ၁၇
ထိုင်းစစ်အစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ Track 1.5 ကို ဘန်ကောက်မြို့တွင် ဇွန်လ ၁၉ ရက်နေ့ ကျင်းပရန် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ နိုင်ငံတချို့ကို ဖိတ်ကြားမှုအပေါ် ရွေးကောက်ပွဲအနိုင်ရ လွှတ် တော်အမတ်လည်းဖြစ်၊ ဒုဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ Chaturon Chaisand က ဝေဖန်ပြောဆိုလိုက်သည်။
ဖွေထိုင်းပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် Chaturon Chaisang က ထိုင်းအိမ် စောင့် အစိုးရအနေဖြင့် နောင်တက်လာမည့် ရွေးကောက်ခံ အစိုးရသစ်က မြန်မာ့အရေး မည်သို့ ကိုင်တွယ်ဆုံးဖြတ်မည်ကို ခွင့် ပြုရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းအိမ်စောင့် စစ်အစိုးရ နိုင်ငံခြား ရေးဝန်ကြီးက အာဆီယံနှင့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအပေါ် ဝေဖန်ပြောဆိုသည်။
“ဒီလောက် အရေးကြီးတဲ့ကိစ္စမှာ ဘာလို့ ထိုင်းအိမ်စောင့်အစိုးရအနေနဲ့ ရွေးကောက်ပွဲအရ တက်လာမယ့် အစိုးရသစ်ကို မစောင့်တာပါလဲ”ဟု လွှတ်တော်အမတ် Chutaron က မေးခွန်းထုတ်သည်။
လက်ရှိတွင် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ယင်းအစည်းအဝေးကို တက် ရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။
ဖွေထိုင်းပါတီမှ လွှတ်တော်အမတ် Chaturon Chaisangသည် သက်ဆင် အစိုးရ နှင့် ယင်လတ် အစိုးရ လက်ထက်တွင် ဒုဝန်ကြီးချုပ်နှင့် ဝန်ကြီး အဆင့်တာဝန်များ ထမ်းဆောင်ခဲ့သော ထင်ရှား သည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။