မန္တလေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အဖြစ် Freedom From Fear အင်္ကျီဝတ်ဆင်လျက် စစ်တပ် ဆန့်ကျင်ရေးလှုပ်ရှား
ရန်ကုန်၊ ဇွန် ၁၈
မန္တလေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အဖြစ် Freedom From Fear အင်္ကျီဝတ်ဆင်လျက် စစ်တပ် ဆန့်ကျင်ရေးအဖြစ် မန္တလေး သပိတ်အင်အားစုက လှုပ်ရှားကြသည်။
ဇွန်လ ၁၉ ရက်နေ့ ကျရောက်မည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနှင့်ချီသောရဟန်းရှင်လူ ကျောင်း သား ပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သော အား ဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်း သောအားဖြင့်လည်းကောင်း အကျယ်ထောင်မှ ပြည်သူများ ကိုယ်စားမန္တလေးသပိတ်အင်အားစုက အင်္ကျီအပြာဝတ်ဆင်ပြီး ဒေါ်အောင် ဆန်း စုကြည်၏မိန့်ခွန်းများထဲမှတစ်ခုဖြစ်သော Freedom From Fear အင်္ကျီကို ဝတ်ဆင်လျက် ဒေါ်အောင်ဆန်းစု ၇၈နှစ်ပြည့်မွေးနေ့အမှတ်တရ အနေဖြင့်ဖက်ဆစ်စစ်တပ်အားဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။