စစ်ကိုင်းနှင့်ဝက်လက်မြို့နယ်မှ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျီကုန်းရွာသား ကိုဆန်းဝင်းအောင်နှင့် ကန်တော်ရိုးရွာသား တစ်ဦးကို စစ်တပ်က လည်လှီး မီးရှို့သတ်ဖြတ်ခဲ့၊ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပြာကျ
ရန်ကုန်၊ ဇွန် ၁၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်က ကျေးရွာ ၆ ခုကို မီးရှို့ဖျက်ဆီးပြီး ကျီကုန်းကျေးရွာသား ကိုဆန်းဝင်းအောင်နှင့် ကန်တော်ရိုးရွာသား ၁ ဦးကို လည်လှီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့ အထိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ပေါက်မ တောင် ကျေးရွာ၊ ပေါက်မမြောက် ကျေးရွာ၊ ကျီကုန်းကျေးရွာ၊ ကန်တော်ရိုး ကျေးရွာတို့ ကိုလည်း ကောင်း၊ ဝက်လက်မြို့နယ်၊ မင်္ဂလာရေစဉ် ကျေးရွာနှင်ဘုရားပြန်ကျေးရွာတို့ကို စစ်ကြောင်းထိုး မီးရှို့နေကြောင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် ကျီးကုန်းကျေးရွာမှ ကိုဆန်းဝင်း အောင် အသက် ၅၀ နှစ်ကို လည်လှီးသတ်ဖြတ် မီးရှို့သွားကြောင်း၊ အလားတူ ကန်တော်ရိုး ကျေးရွာသား ၁ ဦးကိုလည်း စစ်တပ်က ပစ်သတ် ခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က မီးရှိုဖျက်ဆီးရာမှာ စစ်ကိုင်း၊ ပေါက်မ တောင်ရွာမှာ အိမ်ခြေ ၁၄၉ လုံး၊ ပေါက်မ မြောက်ရွာမှာ အိမ်ခြေ ၁၅၀ ခန့်၊ ကျီကုန်းရွာမှာ အိမ်ခြေ ၈ လုံး၊ ကန်တော်ရိုးကျေးရွာကိုလည်း မီးရှို့ဖျက်ဆိးပါတယ်။ စစ်တပ်က ကျီကုန်းရွာသား ကိုဆန်း၀င်းအောင်ကို လည်လှီးမီးရှို့ သတ် ဖြတ်ခဲ့တယ်။ ကန်တော်ရိုးရွာကိုလည်း မီးရှို့ဖျက်ဆီးစဉ်မှာ စစ်တပ်က ရွာသားတစ်ဦးကို ပစ်သတ် ခဲ့ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ ဇွန်လ ၁၈ ရက်နေ့တွင် စစ်တပ်က ၀က်လက်မြို့နယ် မင်္ဂလာရေစဉ် ရွာသို့ စစ်ကြောင်းထိုး မီးရှို့နေသည့်အပြင် ဘုရားပြန်ရွာကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။