31 C
Yangon

ထားဝယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ လောင်းလုံးတွင် စစ်တပ် စခန်းများကို ပစ်ခတ်တိုက်ခိုက်မှု PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ထားဝယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ လောင်းလုံးတွင် စစ်တပ် စခန်းများကို ပစ်ခတ်တိုက်ခိုက်မှု PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ ဝယ်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်း တစ်ခု နှင့် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးမှုရှိခဲ့ကြောင်း ထား ဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၆ ရက် နေ့လည် ၃ နာရီခန့်က ထားဝယ်မြို့မှ ထိုင်းနယ်စပ်မေတ္တာမြို့နယ်ဘက်သို့ ထွက်ခွာလာ သော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကား ၁၉ စီးကို သင်္ကန်းတုံးကျေးရွာအရောက် ဗိုလ်ယက္ခ ဦး ဆောင်သော ထားဝယ်စုပေါင်းစစ်ကြောင်းနှင့် ဥဩစစ်ကြောင်းတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးမှုရှိပြီး ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

“ထားဝယ်ကနေ လာတာပါ၊ ထွက်လာတုန်းက ၁၉ စီးပါ၊ ပကာရီရွာအကျော်မှာ အုပ်စုကွဲသွားကြတယ်၊ နယ်စပ်သွားသလိုလို၊ ဖောင်းတောဘက် သွားမလိုလို နဲ့သတင်းကတော့ မျိုးစုံထွက်နေတယ်၊ ညနေက တော့ ခွေးတွေ ၂၅ ကျော်ပြီလို့ သိရတယ်၊ မေတ္တာမြို့နယ်ဘက်ကိုသွားနေတာ၊ ခွေး သေ ထိခိုက်မှုက တော့ များတယ်ခင်မျ၊ လတ်တလော စုံစမ်းရထားတာကတော့ ၈ ကောင်သေပြီး ၁၂ ကောင် ဒဏ်ရာ ရတယ်လို့ ကြားထားရတယ်” ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်တပ်စခန်းကို လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အဆိုပါတပ်စခန်းအား ထားဝယ်စုပေါင်းကြောင်းမှ သွား ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုရှိ သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် တည်သီးတောပျူကျေးရွာရှိ ပျူစောထီးများ အထိုင်ချထားသော စာသင်ကျောင်းနှင့် သုံးထပ်ဆောင်ဆေးရုံကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ Lightning Done Force၊ ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ DOG KILLER SHWEBO-LPDF၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီနောင်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း လောင်းလုံး PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် မြို့မ ရဲစခန်းနှင့် သဲပုံရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စစ်ကြောင်း ၂ ခုခွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့မ ရဲစခန်းကို ၈၁ မမ လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး စစ်တပ် ဘက်က ၁၀ ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ကာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ သဲပုံရွာ၌ တပ်စွဲထားသော အင်းဝတောင်စခန်းကိုလည်း ၈၁

မမ လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ပြီး စစ်တပ် ဘက်က ၄ ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက် မသိရသေးကြောင်း လောင်းလုံး (ပကဖ) မှ ရဲဘော် ၁ ဦး (ရဲဘော်ဆီဗူး)လက်နက်ကြီး မတော်တဆဖြစ်၍ ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း အင်အား အလုံးအရင်းဖြင့် ရောက်ရှိလာပြီး ခရီးသွားပြည်သူများကို တားစီးစစ်ဆေးခြင်း ငွေကြေးနှင့် ရိက္ခာအတွက်ပစ္စည်းများသိမ်းယူခြင်းများ များစွာရှိနေကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ စီးနင်းလိုက်ပါလာသည့် ကား ၊ ဆိုင်ကယ်များ ပျူစောထီးများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ရန် ခရီးသွားလာရာတွင် သတိထားကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article