28 C
Yangon

လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ် တပ်နှင့်ရဲက ဝင်ရောက် သိမ်းဆည်း၊ ပန်းသည်များကို စျေးဆက် မရောင်း ခိုင်း သည့်အပြင် အမျိုးသမီးများ ပန်းမပန်ရန် လိုက်လံ ခြိမ်းခြောက်

Must read

လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ် တပ်နှင့်ရဲက ဝင်ရောက် သိမ်းဆည်း၊ ပန်းသည်များကို စျေးဆက် မရောင်း ခိုင်း သည့်အပြင် အမျိုးသမီးများ ပန်းမပန်ရန် လိုက်လံ ခြိမ်းခြောက်

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ်တပ်နှင့်ရဲက ယနေ့နံနက်ပိုင်း ဝင်ရောက် သိမ်းဆည်း ဖမ်း ဆီးကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန် လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ အပိုင် ၆ တွင် စစ်ကား၊ ရဲကားနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပန်းများကို လိုက်လံသိမ်းဆည်းကြောင်း၊ ဘုရားပန်းရောင်းချသူများ၊ ပန်းပန်ထားသူများ၊ ပန်းကိုင်ထားသူများထံမှ ပန်းများကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

“လှိုင်သာယာ အနောက်ပိုင်း၂၀ ရပ်ကွက် အပိုင် ၆ ရိုးလေးတံတားနားrမှာ ပန်းသည်တွေ လူတွေဆီက ပန်းတွေကို အကုန်သိမ်းတယ်။ စစ်ကား ရဲကား တွေနဲ့ရာအိမ်မှူးရောအပါအဝင် ရောက်လာပြီးမြင်သမျှပန်းတွေကိုအကုန် အိမ်ထဲထည့်သိမ်းခိုင်းသွားတာ အိမ်ရှေ့မှာ ဘုရားပန်းလဲဖို့အိမ်ရှေ့မှာ ပြင် ဆင်နေတုန်းရှိသေးတယ်” ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးက ပြော ဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များတွင် ပန်းသပိတ် လှုပ်ရှားမှု ရှိ၊ မရှိ စစ်ကား၊ ရဲကားနှင့် လက်ပါးစေ ပျူစောထီးနှင့် လူမိုက်များက လိုက်လံစစ်ဆေးကြောင်း၊ ပန်းသည်တချို့ကိုလည်း စျေးသိမ်းခိုင်းကြောင်း၊ ပန်းများ လိုက်လံရောင်းချမှု မလုပ်ရန်လည်း သတိပေးကြောင်း သိရှိရသည်။

“ဒီနေ့တော့ ပန်းသည်တွေ သိမ်းခိုင်းတယ်။ ဆက်မရောင်းရဘူး။ စျေးမသိမ်းရင် ပန်းတွေ ဖျက်ဆီးခံရမယ်လို့ ပြောတော့ ပန်းသည်တွေလည်း ကြောက် ကြောက် လန့်လန့်နဲ့ ပြန်သိမ်းသွားတယ်။ ခေါင်းမှာ ပန်းပန်သူ အမျိုးသမီး တွေကို ခေါင်းပေါ်က ပန်းတွေဖြုတ်ခိုင်းတယ်။ အဖမ်းခံချင်တာလားလို့လည်း မေးတယ်။ ပန်းတောင် လွတ်လွတ်လပ်လပ် ပန်ခွင့်မရတော့ဘူး” ဟု လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးမှ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အဖြစ် ပန်းသပိတ် တစ်နိုင်ငံလုံး ဆင်နွှဲနေချိန်တွင် စစ်ကောင်စီဘက်က ပန်းသပိတ်လှုပ်ရှားမှုများကို ပိတ်ပင် တားမြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ဓာတ်ပုံ- အညာဒေသတွင် ယနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းပန်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်နေကြသော အမျိုးသမီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article