မကွေးတိုင်းတွင် မင်းဘူးခရိုင်တပ်ရင်း အမှတ်၂ မှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် စစ်ရှောင်များကို လှူဒါန်းကာ ပန်းသပိတ်ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
မကွေးတိုင်း အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့ခြင်းခံရ၍ ရွာလုံးကျွတ်စစ်ရှောင်နေရသော စစ်ဘေးရှောင် ပြည်သူ ၄၀၀ ကျော်နေထိုင်သော စစ်ရှောင်စခန်းတစ်ခုတွင် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်တပ်ရင်း အမှတ်၂ မှ အလှူရှင်နှင့် ချိတ်ဆက်၍ အသားဟင်းနှင့်ထမင်းကြွေးကုသိုလ်ပြု လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်တပ်ရင်း အမှတ်၂ မှ တော်လှန်ရေး ရဲဘော်များမှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း ပြုလုပ်ခဲ့ကြသည်