33 C
Yangon

ရေကြည်မြို့အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်(မြောက်စမ်း)မှ တပ်ကြပ် သန့်စင် သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက် ထိမှန် သေဆုံး

Must read

ရေကြည်မြို့အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်(မြောက်စမ်း)မှ တပ်ကြပ် သန့်စင် သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက် ထိမှန် သေဆုံး

ရန်ကုန်၊ ဇွန် ၂၀

ဧရာ၀တီတိုင်း၊ ရေကြည်မြို့အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ် (မြောက် စမ်း) မှ တပ်ကြပ် သန့်စင်သည် သေနတ်သန့်ရှင်းရေး လုပ်စဉ် ကျည် ထွက် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် စစ်တပ်သတင်း ရင်း မြစ်တချို့က ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်း အမှတ် ၃၄၄ တပ်ရင်းမှ တပ်ကြပ် သန့်စင်သည် သေနတ်သန့်ရှင်းရေး လုပ်နေစဉ် ကျည်ထွက်ပြီး မေးစေ့အောက်မှ တစ်ဆင့် ဦးခေါင်းထိ ကျည်ဖောက်ထွက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင် အရပ်သားပုံစံဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

“ပြောတာကတော့ ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေ တာလို့ လည်း ပြောတယ်။ ဒါပေမယ့် တပ်ဘက်ကတော့ ကျည်ရှင်းရင်းနဲ့ မတော်တဆ သေ တယ်လို့ပဲ ပြောတယ်။ ကျည်က မေ့စေ့အောက်ကနေ ဖောက်ထွက်ပြီး ခေါင်း ကို ပြန်ပေါက်ထွက်သွားတာ။ မိသားစုလည်း တပ်ထဲမှာပဲရှိတယ်။ သား သမီးတွေလည်းရှိတယ်။ မနေ့က သဂြိုလ်တယ်။ အမိန့်စာကို အခေါင်းထဲ ထည့် ပေး ပြီး စစ်အခမ်းအနားတွေဘာတွေတော့ မပါဘူး။ သာမန်အရပ်သားလိုပဲ သဂြိုလ် တာ” ဟု စစ်တပ်သတင်းရင်းမြစ်ကပြောသည်။

ရေကြည်မြို့အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်သည် စစ်အာဏာသိမ်းပြီး ချိန် မြို့ပေါ် ဆန္ဒပြပွဲများကို ဖြိုခွင်းခြင်းနှင့် ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းမှု များတွင် ဦးဆောင်ပါဝင်ခဲ့သော စစ်ကောင်စီတပ်ရင်းတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ အမြောက်တပ်မှ အကြမ်းဖက်စစ်သားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article