မတ္တရာမြို့နယ်၊ ကြပ်ပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြပ်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာစစ် ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဇွန်လ ၂၀ ရက် မွန်းလွဲ ၁၁ နာရီခန့်က ရုံးပင်ရွာမှ ကြပ်ပြင်ကျေးရွာသို့ ပြောင်းရွှေ့စစ်ကြောင်းကူး လာကာ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သား ၄၀ ခန့်ကို မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ ရဲဘော်များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ရုံးပင်ရွာကနေ တပ်ရွှေ့လာတာ၊ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတယ်၊ ဘုန်းကြီးကျောင်းဝရံတာပေါ်မှ ရပ်နေတဲ့ တစ်ကောင်ကို ပထမ တစ်ချက်ပစ်တယ်၊ လွဲသွားတယ်၊ ဒုတိယတစ်ချက် ထပ်ပစ်တယ်၊ အဲဒီမှာထိ တယ်၊ အထဲကနေ စစ်ခွေး ၅ ကောင်ထပ်ထွက်လာတာ၊ အဲဒီမှာ နောက်တစ်ချက် ထပ်ပစ်ခဲ့တာ၊ ၃ ချက် ၂ ကောင်ရလိုက်တာ” ဟု မြနန္ဒာစစ် ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မြနန္ဒာစစ်ဆင်ရေးအဖွဲ့အနေဖြင့် အကြမ်းဖက် စစ်သားများကို ယခုထက်ပိုမို ထိရောက်စွာ ပစ်ခတ်ပြီးအကြမ်း ဖက်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရန် လိုအပ်ချက်များစွာရှိနေကြောင်း၊ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် ထောက်ပံ့ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။