30 C
Yangon

ကလေးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံး

Must read

ကလေးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် သာစည်ကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ် လိုက် တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော်အမျိုးသား ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျည် ကျရောက် ပေါက်ကွဲလို့ အသက် ၂၀ ကျော်အမျိုးသား ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

” စစ်တပ် စက်ဂိတ်ကနေပစ်တာ။ မနေ့ ၁၀ နာရီထိုးခါနီးအချိန်ပဲ။နောက် ကြော ကို လက်နက်ကြီးကျည်ထိမှန်ပြီးသေတာ။ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်” လို့ ဒေသပြည်သူတစ်ဦးကပြောပါတယ်။

ကလေးမြို့တောင်ဘက်အထွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်က လက်နက် ကြီးနဲ့ ပစ် ခတ်တာကြောင့် ကလေးမြို့တောင်ဘက် သာစည်ကျေးရွာမှ အရပ်သား ပြည်သူတဦးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ရက် ဆက် ပစ်ခတ်နေပြီး ဇွန်လ ၁၈ ရက်နေ့ကလည်း လက်နက်ကြီးထိမှန်ပြီး ထိုမာ ကျေး ရွာမှ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် ဇွန်လအတွင်းပြည်သူ ၄ ဦး သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article