27 C
Yangon

ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပဝ်ကုန်းကျေးရွာအနီးသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်းတစ်လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ကဒဲကျေးရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ပဝတ်ကုန်းကျေးရွာ ပြည်ထောင်စုလမ်းမကြီး တစ်ဖက်စီမှ စစ်ကြောင်း ၂ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်း အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုက ခုခံတိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၁ ရက် ည ၇ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေဆုံးကာ အလောင်း ၁ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကဒဲဘက်နေ တစ်ကြောင်း၊ ပဝတ်ကုန်းရဲ့ ပြည်ထောင်စုလမ်းကြီးရဲ့ တခြားတစ်ဘက်ကနေ ၂ ကြောင်း နဲ့ဝင်လာတာ၊ ပလ ၂၈၅ တပ်ကနေ ၁၂၀ မမ တွေနဲ့ ပစ်ကူပေးတယ်၊ အနီးကပ်အပြန်အလှန် ပစ်ခတ် တိုက်ပွဲမှာ ကျွန်တော်တို့ ရဲဘော် ၁ ဦးကျတယ်။ အခုတော့ စစ်ခွေးတွေ သူတို့စခန်းအထိ ပြန်ဆုတ်သွားပြီ၊ စစ်ခွေးအလောင်းတစ်လောင်းရခဲ့ပေမယ့် လက်နက်တော့ မရခဲ့ဘူးဗျ” ဟု ပုလော PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းနှင့် တော်လှန် ရေး မဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလောလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်းအား မလိုအပ်ပဲ လုံးဝမပြုလုပ်ကြပါရန် ပုလော PDF က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article