27 C
Yangon

မင်းဘူးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစော ထီး မင်းသူလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းဘူးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစော ထီး မင်းသူလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၃

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့ ၊ ထောက်ရှာပင်ကျေးရွာတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော မှုခင်းသတင်းစုဆောင်းသူ အမည်ခံ လက် နက် ကိုင် ပျူစောထီး မင်းသူလှိုင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မင်းဘူး ခရိုင်အမှတ် ၆ တပ်ရင်းမှ တာ၀န်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ၂၁ရက်နေ့ ညနေ ၇း၃၀ အချိန် မကွေးတိုင်း၊မင်းဘူးခရိုင်၊ မင်းဘူးမြို့ နယ်၊ စကုမြို့၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ရွှေတပင်ကျေးရွာအတွင်းရှိ စစ် တပ် အတွက် အလုပ်လုပ်နေသူ ပျူစောထီး မင်းသူလှိုင် (မှုခင်းSH ဌာန ‌)ကို မင်းဘူး၊စကုမြို့နယ်အ‌ခြေစိုက် မင်းဘူးခရိုင်တပ်ရင်း ၆ ၏ ကွန်မန်ဒို အထူး တပ်ဖွဲ့က ၎င်းနေထိုင်ရာအိမ်ထဲထိ၀င်ရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးမင်းသူလှိုင်သည်စစ်ကောင်စီကို သတင်းပေးရုံတင်မကဘဲ စစ်တပ် နှင့်ပေါင်းကာ မင်းဘူး၊စကုမြို့နယ်အတွင်းတွင် သစ်၊ရေနံနှင့်အခြား ဥပဒေနှင့် မလွတ်ကင်းသောလောင်းကစားဝိုင်းများကိုလည်း လုပ်ဆောင်ကြောင်း၊ စစ်ကောင်စီအတွက်၀င်ငွေရှာပေးနေသူဖြစ်၍ စစ်ကောင်စီမှထုတ်ပေးသော ပစ္စတိုအမျိုးအစား သေနတ်ကိုင်ဆောင်သူလည်းဖြစကြောင်း သိရှိရသည်။

မင်းဘူးခရိုင်အမှတ်‌၆တပ်ရင်းအနေဖြင့် မင်းဘူး၊စကု မြို့ပေါ်ရှိ စစ်ရေး ပစ်မှတ် များအားဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ နှင့်ပတ် သက် ဆက်နွယ်သော လက်ဝေခံစီးပွားရေးလုပ်ငန်းများ အုပ်ချုပ်ရေး ထောက် တိုင် များ လောင်းကစားဝိုင်းများကို လည်း တိုက်ခိုက်သွား မည်ဖြစ် ကြောင်း၊ ပြည် သူများအနေဖြင့်လည်း စစ်ကောင်စီ တပ်ဖွဲ့ များနှင့်နီး စပ်ရာနေရာများ တွင် သွားလာနေထိုင်ခြင်းများအားတတ်နိုင်သမျှရှောင်ရှားစေလိုကြောင်း မင်းဘူး ခရိုင်အမှတ် ၆ တပ်ရင်းတာ၀န်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article