အလိမ်အညာ မုသာဝါဒများ အမြဲပြောဆိုနေသည်ဟု ဝေဖန်ခံရသည့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း နေပြည်တော်တွင် ဘုရားတည်
■ Non-CDM ဝန်ထမ်းများ မလာမနေရ ဖိအားပေးထားပြီး ဘုရားထီးတင်ပွဲ မလာလျှင် ဝန်ထမ်း စည်းမျဉ်းဖြင့် အရေးယူမည်ဟုခြိမ်းခြောက်
ရန်ကုန်၊ ဇွန် ၂၃
အလိမ်အညာ မုသာဝါဒများ အမြဲပြောလေ့ရှိသူအဖြစ် ဝေဖန်ခံရသူ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းသည် နေပြည်တော်၊ ပျဉ်းမနားတွင် ဘုရားတည်ထားထီးတင်မည်ဖြစ်ပြီး ဝန်ထမ်းများ မလာမနေရ ဖိအားပေးခြိမ်းခြောက်ထားကြောင်း သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်မှစတင်၍ အကြမ်းဖက် ဇော်မင်းထွန်းနှင့်ဇနီးတို့က မင်္ဂလာမဟာကန်အောင်စေတီတော်၏ စိန်ဖူးတောင်ကို ကပ်လှူ မည်ဖြစ်ပြီး ယင်းနေ့တစ်နေ့လုံး ဘုရားထီးတောင်တင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ထီးတော်တင်မည့် စေတီအနီးတွင် မွေးမြူရေးဆိုင် ရာတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့ တည်ရှိသဖြင့် ယင်းဌာနများမှ ဝန်ထမ်းများအားလုံး ဇော်မင်းထွန်း၏ အလှူသို့ လုံး၀ (မဖြစ်မနေ) လာရောက်ကြရန် ဆင့်ခေါ်ကြောင်း၊ ထီးတော်တင်ပွဲ မလာရောက်လျှင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အရေးယူမည်ဟု ခြိးခြောက်ကြောင်း သိရှိရသည်။
“ရေဆင်းမှာ ဘုရားလာတည်တာဆိုတော့ တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို (ဗိုလ်ချုပ်) ဇော်မင်းထွန်း အလှူကို လာခိုင်းတယ်။ မလာရင် အရေးယူခံရမယ်။ အထက်ကို တင်ပြ အရေးယူမယ်။ ဇော်မင်းထွန်းရဲ့ ဘုရားထီးတော်တင်ပွဲမလာရင်လည်း အကြမ်းဖက်အားပေးဆိုရင် အရေးယူခံရမယ့် ပုံစံမျိုး ပြောလာတယ်။ အလိမ်အလာတွေချည်းပြောနေတဲ့ ဇော်မဲလုံးက ဘုရားတည်မယ်ဆိုတော့ တကယ့်ကို ရယ်စရာကြီးပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများ၊ ဆက်သွယ်မေးမြန်းချက်များ၊ တွေ့ဆုံ မေးမြန်းမှုများကို စစ်တပ်ကိုယ်စား အမြဲလိုလို လိမ်ညာ ဝါဒဖြန့် ဖြေဆိုနေသော ဇော်မင်း ထွန်းသည် စစ်အာဏာသိမ်းလက်ထက်တွင် စစ်တပ် စိတ်ဓာတ် စစ်ဆင်ရေး နှင့်ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှုရုံး၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဒုဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်သည်။
၎င်း၏ ပြောဆိုမှုများသည် ရိုင်းစိုင်းပြီး မြေပြင်အခြေအနေ အမှန်တရားများကို လိမ်လည်လေ့ရှိ၍ အများစုက ဇော်လိမ်မဲလုံး ဟု နာမည်ပြောင်ပေး၍ ခေါ်ဆိုကြသည်။